သံယောဇဉ်ကိုအထားအသို မတတ်တော့ . .
ငါ့ရဲ့ မျက်တွင်းဟောက်ပက်က
ရေတွင်းလောက်နက်တယ်။
မ၀ံ့ရဲရဲအိပ်မက်ကို
အိပ်မက်ထဲထည့်မက်မိတာ ခုနှစ်ခါ
လန့်နိုးရတာလဲ ခုနှစ်ခါပါပဲ။
ငါ့ရဲ့ အဲဒီနိုးတစ်ဝက်အိပ်မက်တွေဟာ
ဘယ်တော့မှ မချိုနိုင်တာကိုလဲ သိတယ်။
တကယ်တော့ . . . .
ကြက်ယက်သလို ရှာထားရတဲ့ မေတ္တာတရားပါ . . .။
အခုတော့ ခွေးတစ်ကောင် အန်သွားခဲ့သလို
ဘာမှကို မကျန်ခဲ့ပြန်ဘူး။
ဖိတ်စာမပို့ဘဲ ရောက်လာခဲ့တဲ့ ဥပေက္ခာတရားတွေ
ငါ့ ရဲ့ ကမ္ဘာကို သိမ်းပိုက်ကျူးကျော်။
ကဲ ... သိမ်ငယ်ခြင်းတွေရေ ...
ပျော်သလိုသာ နေကြဦးတော့ ....
အခု .... ငါ ... ပြက္ခဒိန်ကို မော့မကြည့်ဘူး။
ကိုယ်စိုက်သလောက်ပဲပြန်ရနိုင်တာ နိယာမတရားဆိုရင်လေ
ကိုယ်ပေးသလောက် ပြန်မရတာက
လောကပါလရဲ့ နိုင့်ထက်စီးနင်းမေ့လျော့မှုများလား ...
တချို့အမှန်တရားတွေဟာ ...
ရံဖန်ရံခါမှာ အပ်ကျမပ်ကျ မှားတယ်။
ပြီးသင့်သလောက်နဲ့ မပြီးနိုင်သေးတဲ့ မျှော်လင့်ချက်တွေသာ
ပျှော်ရွှင်စရာ.... ဖြစ်လာနိုင်ဦးမယ်ဆိုရင်တောင်
ငါနောက်ဆုံးရချင်တာ တစ်ခုက
အကောင်းဆုံးဆိုတာတွေရဲ့နောက်
ဇွဲဆုလောက်သာ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
သိပ်ကောင်းတဲ့ကဗျာပါ
ကျွန်တော့်ခံစားချက်နဲ့ ထပ်တူထပ်မျှပဲ
ကျေးဇူးပါ။
October 15, 2008 at 8:00 PM
ကိုယ့်နာမည်ကို
မှားရိုက်မိတာ ဆောရီးဟီးဟီး
October 15, 2008 at 8:01 PM
ကဗျာလေး ကောင်းတယ် ညီလေးရေ။အပိုဒ်တိုင်းက ကောင်းလို့ အကောင်းဆုံး အပိုဒ်တောင် ရွေးရခက်တယ်
October 16, 2008 at 12:23 PM
အီးမေးလ်နဲ့ ဖြန့် တဲ့ ကိစ္စကလည်း ရပါတယ် ညီလေးရ။ ဖြန့် ဝေပေးလို့ ကျေးဇူးတောင် တင်ရဦးမှာ၊ ညီလေးကို။
October 16, 2008 at 2:04 PM