“တောက် !.. (၂)”

November 1, 2008


သဲကန္တာရတစ်ခုရဲ့ အလယ်ဗဟိုတည့်တည့်မှာ....
ကျွန်တော် လမ်းပျောက်နေတာ။
မောလိုက်တာ..
ဘယ်ကို သွားရင် ရေရမလဲ...။
အိမ်ကို ဘယ်လိုပြန်ရမှာလဲ...။
ကျွန်တော့်အိမ်က ဘယ်မှာလဲ...။
ကျွန်တော် အရမ်းမောပန်းနေပြီ...။
ကျွန်တော့်အိမ်ကို အမြန်ပြန်ရောက်ချင်နေပြီ..။
အိမ်...
အိမ်က ဘယ်မှာလဲ..။

စိတ်ဓာတ်တွေ ကျနေတုန်း .....
ရုတ်တရက်....
သဲပြင်ပေါ်မှာ တပိုင်းတစ ထွက်နေတဲ့ မီးအိမ်တစ်လုံး တွေ့တယ်။
အမြန် ကောက်ပွတ်။
လာစမ်းဟဲ့..။ မီးခွက်စောင့်။
အင်း....
ပုံပြင်ထဲကလိုများ မီးခွက်စောင့်ထွက်လာမလားလို့....။

မြတ်စွာဘုရား။

အိုး...တကယ်ပဲ ....
တကယ်ပဲ မီးခွက်စောင့်...။
ရုပ်ဆိုးဆိုးဘီလူးတစ်ယောက် ကျွန်တော့်ရှေ့ မှာ ဒူးထောက်ရက်သား...။

“သခင်... ဘာများလိုချင်ပါသလဲ ..ခင်ဗျာ”
“အေး...ငါ့ကို အိမ်ပြန်ပို့ ..ချက်ချင်းပြန်ပို့ ...အခုပို့”
“ဟုတ်ကဲ့ သွားကြတာပေါ့ခင်ဗျာ၊ ကျွန်တော့်နောက်က လိုက်ခဲ့ပါ” ... ဆိုပြီး ...
ရှေ့ ကနေ ငေါ့တော့ငေါ့တော့နဲ့ ထွက်သွားပါလေရော...။


“ဟာ...ဟေ့...ဟေ့ လူ၊ အဲ..ဘီလူး၊
ဟေ့ ..ဘီလူး.... အဲဒီလိုမဟုတ်ဘူးလေ...
ငါက ချက်ချင်းပြန်ချင်တာလေ..အမြန်ရောက်ချင်တာလေ...”

ဘီလူး ..ကျွန်တော့်ကို လှည့်ကြည့်တယ်။
“သြော်.... အဲဒီလိုလား၊”
“အေး..အဲဒီလို”

“လွယ်ပါတယ်..သခင်ရဲ့၊
လာ.........မြန်မြန်ရောက်ချင်ရင် ပြေးပြီးပြန်ကြတာပေါ့”...တဲ့။

တောက် !.....ခွေးမသားဘီလူး။

``တောက် ! ....´´

October 29, 2008
လူ နှစ်ယောက် တမလွန်ဘ၀မှာ တွေ့ကြတယ်။
အခုမှ ရောက်ခါစမို့ တမလွန်နယ်ဟာ သူတို့အတွက် စိမ်းလွန်းပါတယ်။
အသိကလည်းတစ်ယောက်မှ မရှိဘူး။
ယောင်တောင်တောင်နဲ့ လျှောက်သွားနေမယ့်အစား..
နှစ်ယောက်ပေါင်းလိုက်ရင် ဘာပဲဖြစ်ဖြစ် အားရှိမှာပေါ့။
အဲဒီလိုနဲ့ သူတို့နှစ်ယောက် စပြီး မိတ်ဆက်ကြပါတယ်။

ပထမလူက စမေးတယ်။
``ခင်ဗျားက ဘယ်တုန်းက သေပြီး ဒီကိုရောက်လာတာလဲ...´´
ဒုတိယလူက ပြန်ဖြေပါတယ်။
``မနက်ကမှပါဗျာ .... သေတာ မကြာသေးပါဘူး´´
``အိုး....ဒါဆို ဟန်ကျတာပဲ.. ကျုပ်လဲ မနက်ကမှ သေတာပဲ...။ အခုမှ ဒီကိုရောက်ဖူးတာဆိုတော့ ဘယ်သွားရမယ် မသိသေးဘူး..၊ အသိလည်း မရှိသေးဘူးဗျ..´´
``ဟာ ..ဒါဆို ..အ ဆင်ပြေတာပေါ့..ကျွန်တော်တို့ သူငယ်ချင်းတွေ လုပ်ကြတာပေါ့ဗျာ..´´


ဒီလိုနဲ့ .... သူတို့နှစ်ယောက် မိတ်ဆွေတွေဖြစ်သွားကြပါတယ်။
အဲ... မိတ်ဆွေဖြစ်ပြီဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက် မေးကြ၊ ဖြေကြပေါ့..။
တိုက်တိုက်ဆိုင်ဆိုင်ပဲ .. သူတို့သေခဲ့ကြတဲ့ မြို့ကလည်း တစ်မြို့တည်းကပဲလေ..။
တစ်မြို့တည်းသားတွေ တမလွန်မှာ ပြန်ဆုံရတာဆိုတော့ ပိုပြီး ခင်မင်ကြတာပေါ့.။

``ဒါနဲ့ ခင်ဗျားက ဘာရောဂါနဲ့သေတာလဲဟင်.. ခင်ဗျားကြည့်ရတာ ငယ်ငယ်ရွယ်ရွယ်နဲ့ပါ´´
``အင်း ..ဟုတ်တယ်ဗျ...ကျွန်တော်က ငယ်ငယ်ကတည်းက နှလုံးရောဂါရှိတာ...၊ ကျွန်တော် ရုတ်တရက် အံ့သြပြီးသေတာဗျ´´
``ဘယ်လိုဗျ...၊ အံ့သြပြီးသေတယ်...၊´´
``ဟားဟား ..မကြားဖူးပါဘူးဗျာ...၊ တစ်ခါမှကို မကြားဖူးဘူး၊ ဒီမယ်..ဟေ့လူ....၊ အံ့သြတာက ရောဂါမဟုတ်ဘူးလေ..ကျွန်တော်ဆို အအေးပတ်ပြီးသေတာ..အဲဒါကမှ ယုတ္တိရှိသေးတယ်၊ ခင်ဗျားပြောသလို အံ့သြပြီးသေတာက ယုတ္တိမရှိဘူးလေ..´´
``ဟာ..တကယ်ပါဗျ....၊ ကျွန်တော် ရှင်းပြမယ်၊ ဒီလို...ဒီလို........´´

ဒုတိယလူက ... သူဘယ်လိုသေခဲ့ရတယ်ဆိုတဲ့ အကြောင်းကို ဒီလို ရှင်းပြပါတယ်...။

``ကျွန်တော် ခရီးတစ်ခုက ပြန်လာတော့.. ကျွန်တော့် အိပ်ခန်းထဲမှာ ..ကျွန်တော့် မိန်းမအသံနဲ့ ယောကျာ်းတစ်ယောက်ရဲ့ ပလူးပလဲအသံတွေကြားရတယ်ဗျ..၊ ကျွန်တော် စိတ်မထိန်းနိုင်တော့ဘူး၊ တံခါးကို အတင်းထုပြီး ဖွင့်ခိုင်းတယ်´´
``ဒါပေမယ့် ကျွန်တော့်မိန်းမက ချက်ချင်းလာမဖွင့်ဘူးဗျ၊ တော်တော်ကြာမှ လာဖွင့်တာ..... ကျွန်တော် ထူပူပြီး ဘာမှ မစဉ်းစားနိုင်တော့ဘူး၊ အခန်းထဲရောက်ရောက်ချင်း အဲဒီကောင်ကို လိုက်ရှာတယ်၊ ဒါပေမယ့် ထူးဆန်းတာက အခန်းထဲမှာ ကျွန်တော့်မိန်းမကလွဲပြီး ဘယ်သူမှ မရှိဘူးဗျ´´

``ဟင် .... ခင်ဗျားမိန်းမက အဲဒီလူထွက်သွားမှ ခင်ဗျားကို တံခါးလာဖွင့်ပေးတာ နေမှာပေါ့ဗျ´´
``မဟုတ်ဘူးဗျ၊ ကျွန်တော့်အခန်းက ဘာပြူတင်းပေါက်မှ မရှိဘူး၊ ...ဒါနဲ့ ကျွန်တော်လဲ ကုတင်အောက်တွေ...ဗီရိုထဲတွေ အကုန်လိုက်ရှာတာပဲဗျ၊ ဒါပေမယ့် အဲဒီအကောင်ကို မတွေ့ဘူး၊ အပြင်ကနေ သူ့အသံကို ကျွန်တော် သေသေချာချာကြားရတာပဲ´´
ဒါပေမယ့် အခန်းထဲရောက်တော့ လူကိုရှာမတွေ့ဘူး၊ ကျွန်တော် အရမ်းစိတ်တိုတာရော..အံ့သြတာရောပေါင်းပြီး ... အဲဒီမှာ သေတာပါပဲ၊ ကျွန်တော်က နှလုံးရောဂါရှိတယ်လေဗျာ...´´

အဲဒီမှာ ...ပထမလူက ဒေါသတကြီးနဲ့ထပြီး အော်ကြီးဟစ်ကျယ်လုပ်တော့တာပါပဲ။
အသားတွေတောင် ဆက်ဆက်တုန်လို့...။
သူပြောတာလဲ ကြည့်ဦးလေ.....

``ခင်....ခင်ဗျား....``တောက်´´
``ခင်ဗျားတော်တော် ညံ့တဲ့ လူပဲ...၊ ခင်ဗျားတော်တော်လေးကို ညံ့တဲ့လူပဲ၊ ခင်ဗျား အဲဒီတုန်းက အခန်းထဲက ရေခဲသေတ္တာကို ခင်ဗျား ဖွင့်မကြည့်ခဲ့ဘူးမဟုတ်လား၊ ဖွင့်မကြည့်ဘူးမို့လား´´

``ဟုတ်ကဲ့ ..ဖွင့်မကြည့်မိပါဘူး၊ ဒါနဲ့ ဘာများဖြစ်လို့လဲ..ဟင်´´
``တောက်´´
``အေး... အဲဒီလိုသာ ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်ရင်...ကျုပ်လဲ အအေးပတ်ပြီး ဘယ်သေတော့မလဲဗျ´´ ......တဲ့လေ။


ကျွန်တော် ဖတ်ဖူးတဲ့ ဟာသလေးတစ်ပုဒ်ကို ပြန်ရေးထားတာပါ..။ ဖတ်ပြီးသား၊ သိပြီးသား သူတွေ သည်းခံပေးပါနော်..။
အခုတလော ကဗျာတွေ ရေးလို့ မထွက်ဘူးဖြစ်နေလို့ပါ... ပို့စ်မတင်ဖြစ်တာကြာသွားတော့ လာလည်တဲ့သူတွေကို အားနာတာနဲ့ ... ရယ်စရာလေးနဲ့ ဧည့်ခံလိုက်တာပါ။
သိပ်မရယ်ရဘူးဆိုရင်လဲ ခွင့်လွှတ်ပါ။






ခေါင်ခေါင်က Tag..မိုးသားက ဖြေ

October 26, 2008
တကယ်တော့ ဘလော့ဂ်ရေးချင်လို့သာ ရေးတယ်.. ဘလော့ဂ်ဂါတွေလို အမြဲတမ်း အမြဲတမ်း မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်က ဘလော့ဂ်ဂါမဖြစ်သေးတဲ့ သူပါ။ စိတ်ထဲမှာ feel ဖြစ်တဲ့အခါ ရေးတယ်။ မဖြစ်တဲ့အခါ မရေးချင်ဘူး။ ဒါကြောင့် ပို့စ်တွေက ကြာတက်တယ်။ ပြီးတော့ ကျွန်တော်က စာရေးလည်း သိပ်မကောင်းဘူး။ ပေါင်းသင်းဆက် ဆံရေးလည်း ညံ့တယ်ဗျ ။ ကျွန်တော့် ခေါင်းစဉ်လိုပဲ ကိုယ့်နေရာမှာပဲ ကိုယ်ပျော်နေခဲ့တာပါ။ ဒါပေမယ့် ရှားရှားပါး ပါးသူငယ်ချင်းက Tag ထားတော့ နည်းနည်းတောင် ကြောင်တောင်တောင်ဖြစ်သွားတယ်။ အံမယ် ...ငါ ဘလော့ဂ်ဂါများဖြစ်နေပြီလားလို့ပါ။
(ဟားဟား)

သူငယ်ချင်းခေါင်ရေ..
Tag တဲ့အတွက်လည်း ကျေးဇူးပါ။
ကိုယ်ကတော့ ပြန် Tag စရာ သူငယ်ချင်း သိပ်များများစားစားမရှိဘူးကွာ။
ကိုယ့်ဆီလာတဲ့သူတွေကိုပဲ ပြန် Tag လိုက်ရင်ကော...
မလုပ်ပါနဲ့ ကွာ... နောက်တစ်ခါ မလာဘဲ နေမှာစိုးလို့ပါ...


ခေါင်ခေါင်ဆိုတဲ့ .. တစ်ယောက်ကလေ.....

၁။ ကျွန်တော်နဲ့သူ ဘယ်လို ပတ်သတ်သလဲဆိုတော . . .

သိပ်မကြာခင်ကမှ ခင်မင်ခဲ့တဲ့ သူငယ်ချင်းပါ။ သူ့ကို ကျွန်တော်ကပဲ add လုပ်ပြီး စကားပြောဖြစ်တယ်။ (အမှန်ကတော့ ဘလော့ဂ်လုပ်ဖို့ မေးတာပါ....)

၂။ သူ့ ကို ကျွန်တော်က ဒီလိုထင်တယ် .....
ကြောက်စရာ ..ကောင်းတယ်။
တော်တော် စိတ်ကြီးပုံပဲ။
ပွင့်လင်းတယ်။
ကဗျာဥာဏ်ရှိတယ်။
ဘော်ဒါစိတ်တော့ ရှိတယ်။

၃။ ကျွန်တော့်အတွက် အမှတ်တရဖြစ်အောင် သူလုပ်ပေးခဲ့တာ ....
ဘာမှ မရှိဘူး။
ဆောရီး...ဆောရီး............ ရှိတယ်ဗျို့ ။
အခု ကျွန်တော့်ကို ခင်မင်ချိန်မကြာသေးပေမယ့် ရင်းရင်းနှီးနှီး Tag တာပါ။

၎။အမှတ်တရ အဖြစ်ဆုံး သူပြောခဲ့တဲ့ စကား-
ဆဲချင်လို့ ဆဲတယ်တဲ့....။
(သူ့ ... သူဌေးကို ပေါက်ကွဲနေတဲ့နေ့ကလေ...)

၅။ ခေါင်ခေါင်သာ (မတော်တဆ) ကျွန်တော့်ချစ်သူ ဖြစ်လာခဲ့ရင် ......
ကျွန်တော် တော်တော် သည်းခံရမယ့်ပုံပဲ။
ဒါပေမယ့် သူက သူ့အမှားကိုသိရင် အလွယ်တကူပြင်ပေးတတ်တဲ့ အတွက် ...
တောင်းပန်ဖို့ ၀န်မလေးတဲ့အတွက် .... ကျွန်တော်ကလည်း သည်းခံပေးမှာပါ။
(သူနဲ့ ရန်ဖြစ်ရရင် ပျော်စရာကောင်းမယ်လဲ ..ထင်လို့ဗျ)

၆။ ချစ်သူတွေ ဖြစ်ရင် ဒီလိုနေပေးရမယ်နော် ခေါင်ခေါင် ........ ကြားလား....
ကျွန်တော့်ကို စိတ်ဆိုးတဲ့အခါ ... ကျွန်တော် မိဘရယ် ... ဂုဏ်သိက္ခာရယ်....ယောကျာ်းမာနရယ်ကို မထိခိုက်အောင် ပြုမူပြောဆိုနေထိုင်ပေးရမယ်။ ပြီးတော့ အကြာကြီး စိတ်မဆိုးရဘူး။


၇။ တကယ်လို့များ ရန်သူတွေ ဆိုရင်တော့ ....
ကျွန်တော်သူ့အကြောင်းတွေ (တစ်ခါမှ မပတ်သက်ဖူးတဲ့ လူတစ်ယောက်လို )မစဉ်းစားဘဲနေမယ်။ ဒါလောက်ပါပဲ။

၈။ ရန်သူဖြစ်သွားမယ်... ဒါမျိုး ကြပ်ကြပ်လုပ် သိလား....
သူ စိတ်တိုလွန်းတာပါပဲ။ သူ...စိတ်တိုတဲ့အခါ သိပ်ပြီး စဉ်းစားမှာ မဟုတ်ဘူး။ စကားပြော မဆင်ခြင်တာပေါ့။

၉။ ကျွန်တော် သူ့အတွက် ဒါလေးတော့ လုပ်ပေးချင်တယ် ...
ကျွန်တော်သူ့ကို “စိတ်တန်ဖိုး” ဆိုတဲ့ စာအုပ်လေးကို ကိုယ်တိုင်ဖတ်ပြချင်ပါတယ်။

၁၀။ သူ့အပေါ် အားလုံးခြုံငုံ သုံးသပ်ရရင်
ဒေါသကြီးတယ်။ စိတ်ကောင်းရှိတယ်။
စိတ်ဆိုးရင်တော့ ကြမ်းတယ်ဗျ။
အမှားသိရင်တော့ ချက်ချင်းဝန်ခံလိုက်တာပဲ။
ဟောဟောဒိုင်းဒိုင်း ဆိုပါတော့။

၁၁။ ကျွန်တော့်ကို ပတ်ဝန်းကျင်က ဘယ်လို ထင်မြင်သလဲ...။
ပတ်ဝန်းကျင်က ဘယ်လိုမြင်သလဲကို မသိဘူးဗျာ။ ..
ပြောပေးသွားကြရင် သိပ်ကောင်းမှာပဲ။

၁၂။ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ Characteraistic လေးတွေပါ။
ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်တာ...
ကျွန်တော် သူများကို အတက်နိုင်ဆုံး ဒုက္ခမပေးချင်ဘူး။
သူများအခက်အခဲဆိုရင် လုပ်ပေးနိုင်သလောက် လုပ်ပေးခဲ့တယ်။
မွေးကတည်းက အခုအချိန်အထိ ကျွန်တော့် တက်လမ်းအတွက် အခြားဘယ်သူ့ကိုမှ မနင်းခဲ့ဖူးဘူး။
ပြီးတော့ မရနိုင်မှန်းသိရင် .. ထပ်မလိုချင်ဘူး။


၁၃။ကိုယ့်ကိုယ်ကို အမုန်းဆုံး Characteraistics.. (တော်တော်လေးကို မုန်းတာပါ)
အားငယ်တတ်တာ..
အားနာတတ်တာ....
ရောင့်ရဲချင်စိတ်များတာ...
အမေ့ကို စိတ်ဆင်းရဲစေခဲ့တာ...
ရည်မှန်းချက် မခိုင်မာတာ...။

၁၄။ ကျွန်တော်ဖြစ်ချင်နေတာ...။
နည်းနည်းများကြီးကျယ်သွားမလားမသိဘူး..။
“သစ်ပင်ကြီးလို” လူဖြစ်ချင်တယ်။
အစာလိုတဲ့သူတွေအတွက် အသီးတွေပေးမယ်။
အရိပ်လိုတဲ့သူအတွက် အေးချမ်းမှုကို ပေးမယ်။
ကိုယ့် ပင်စည်ကို ခုတ်ထစ်ကြတဲ့အခါ ...... နှုတ်ဆိတ်ပြီး အံကြိတ်နေချင်တယ်။

၁၅။ သူငယ်ချင်းအားလုံးကို မှာချင်တယ်။
(မင်းတို့ သိပြီးသားတွေပါ...ဒါပေမယ့် မေ့ချင်ယောင်ဆောင်နေတတ်ကြလို့
သတိပေးတာပါ၊ တကယ်ကြုံရတဲ့အခါ သိပ်ကြောက်စရာကောင်းတယ်ကွာ...
ငါ ကိုယ်တွေ့မို့ပါ...မင်းတို့အားလုံးကို ဒီလို မဖြစ်စေချင်ဘူး)

တစ်နေကွယ်ရင် ...သေနယ်ကို တစ်ရက်ကူးတယ် ....ဆိုတာ အမြဲသတိရစေချင်တယ်။
ကိုယ်တို့ ...ချစ်တဲ့ ခင်တဲ့ သူတွေ ကိုယ့်အနားက ထွက်သွားတော့မယ့်အခါ ....
ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားဖို့ သတိပေးချင်တယ်။
ကိုယ့်ရဲ့ ဘာသာတရားကို ကိုယ်လေးစားပြီး ....
နက်နက်နဲနဲ သဘောပေါက်အောင် လေ့လာပြီးမှ ယုံကြည်ကိုးကွယ်ဖို့ တိုက်တွန်းချင်တယ်။
ပြီးတော့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ ....
ကျွန်တော့်အမှားတွေကို .....
ကျွန်တော့် အားနည်းချက်တစ်ခုလိုမျိုးမြင်ပြီး
နားလည်ခွင့်လွှတ်ပေးစေချင်တယ်။


သူငယ်ချင်းခေါင်ရေ...
ဒီလောက်ဆိုကျေနပ်မယ်ထင်ပါတယ်။
ကျွန်တော့်ကို Tag တဲ့အတွက်ကျေးဇူးတင်ပါတယ်။
ကိုယ့်ကို မင်းနဲ့ ခင်မင်တဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပါဦး.။
သူငယ်ချင်းပျော်ရွှင်နိုင်ပါစေ....

ကျွန်တော် Tag ပြန်လုပ်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်...။
ကျွန်တော် သူ့  ကို သိပ်ခင်ပါတယ်။
ဟုတ်ကဲ့....
ယခုတဖန် အလှည့်ကျတဲ့သူ ကတော့ ...
............................................
............................................
ကျွန်တော့် သူငယ်ချင်း... မောင်သစ်ဆင်း ဖြစ်ပါတယ်။
(သူ့ စကားနဲ့ ပြောရရင်တော့ ငါ့ညီပြောင်ဝင်း ... မောင်သစ်ဆင်းပေါ့လေ..)