စိတ်မရှိတဲ့ကို

September 19, 2008
မိုးတွေ ညို့တယ် . . .
သူမျက်ဝန်းမှာ စိုနေပါသလား ..
ဖြေသိမ့်ချင်ပါသော်လည်း
ကံကြမ္မာတရားက ခြံစည်းရိုးခြားတယ်။

ကိုယ်စွမ်းသလောက်
ကြိုးစားခဲ့သော်ငြား .......
....................................
....................................
စေတနာအားပေးစကားက
တစ်နေရာစီခြားနေခဲ့တာဆိုတော့
ကြိုးလျော့နေတဲ့ ဂစ်တာတစ်လုံးလို
ခပ်ပျော့ပျော့ပဲ အသံထွက်နိုင်ခဲ့တယ်။

ကောင်မလေးရေ....
ကိုယ်မလာနိုင်ခဲ့ပေမယ့်
မျှော်ရုံကြည့်ရုံသက်သက်နဲ့တင်
မင်းအတွက် ညဆိုးရှည်တွေ နက်တယ် ...။

0 comments:

Post a Comment