မှန်ကြည့်တဲ့အကောင်

June 8, 2009
အမှားရှိလို့လဲ အမှန်မသိတဲ့ အကောင်။
နောင်တဆိုတာကို
သစ်သီးချိုတစ်လုံးလို မက်မက်စက်စက် စွဲလမ်းတတ်တဲ့အကောင်။
သေရာပါ အနာရွတ်တွေ အထပ်ထပ်နဲ့
တွင်းနက်နက်ထဲ ခုန်ခုန်ချတဲ့ အကောင်။
တစ်ရက်ပြီး တစ်ရက်
ပြန်မအပ်ဖြစ်တဲ့ အငှားဆိုင်က စာအုပ်လိုမျိုး
အမှားတွေ တစ်ရက်ပြီးတစ်ရက်
မသေမချင်း နေ့တွက်ထပ်တိုးနေမယ့် အကောင်။