“တောက် !.. (၃)”

November 2, 2008
ကျွန်းတစ်ကျွန်းပေါ်မှာပေါ့ ...။
သင်္ဘောပျက်ပြီး သောင်တင်နေတဲ့ လူသား (၃) ယောက်ရှိသတဲ့...။
တစ်ယောက်က ဆရာဝန်။
တစ်ယောက်က ရုပ်ရှင်မင်းသား။
တစ်ယောက်က ခြေသလုံးအိမ်တိုင် သင်္ဘောသား။

သူတို့ (၃)ယောက်ဟာ ကျွန်းပေါ်ကို ရောက်တာလည်း တော်တော်ကြာပြီဆိုတော့ ...
တော်တော်လေးကို ခင်မင်နေကြပြီပေါ့။
မခင်လို့လဲ မဖြစ်ဘူးလေ..။
ရှိတာမှ ဒီ (၃) ယောက်တည်းရယ်ကို....။

သူတို့ရဲ့  မျှော်လင့်ချက်က သူတို့ကို ကယ်တင်ခေါ်ဆောင်မယ့်
အခြားသင်္ဘောတစ်စင်းစင်းပေါ့...။
ဒါပေမယ့် သူတို့မျှော်နေတာက ကြာခဲ့ပါပြီ။
ကံဆိုးချင်တော့ သူတို့ရောက်နေတဲ့ ကျွန်းအနားကို ဘယ်သင်္ဘောမှ မကပ်ကြဘူး။

ဒီလိုနဲ့ နေလာလိုက်တာ ...
သူတို့ဟာ ကျွန်းသားကြီးတွေဖြစ်လို့...။
ဆရာဝန်လည်း ငါးမျှားတတ်ပြီ။
ရုပ်ရှင်မင်းသားလည်း အုန်းသီးခွဲတတ်ပြီ။
သင်္ဘောသားလည်း ....တစ်ကျွန်းလုံးကို နှံ့ နေအောင် လျှောက်သွားပြီးပြီ။

အဲ...တစ်ရက်တော့ ....
သူတို့ (၃) ယောက် ကျွန်းပေါ်မှာ လျှောက်သွားနေတုန်း...
တွေ့ ပါပြီ... မီးခွက်ဟောင်းတစ်လုံး....
သင်္ဘောသားက ကောက်ပြီး လက်နဲ့ ပွတ်လိုက်တာ...
ထုံးစံအတိုင်း မီးခွက်စောင့် ဘီလူးထွက်လာပါလေရော...။

“သခင်တို့ရဲ့  ကျေးဇူးကြီးလှပါတယ်...ခင်ဗျာ..
ကျွန်ုပ်ဆီက အလိုရှိတဲ့ ဆု (၃)ဆု တောင်းနိုင်ပါတယ်ခင်ဗျာ...”

ဟေးးးးးး... ကော်တာပဲ၊
လူက (၃)ယောက် ၊
ဆုက (၃)ဆု၊ ကွက်တိမှ ကွက်တိ။

ဆရာဝန်က အမြန်ဆုတောင်းလိုက်တယ်။
“ငါ့ ... အိမ်ကို မြန်မြန် ပြန်ပို့ပါ..မြန်မြန်ပြန်ပို့ပါ”

“အပ်ချလောင်း”

ရောက်သွားပါလေရော...သူ့အိမ်ကို ....

ဒီတစ်ခါ ရုပ်ရှင်မင်းသား...။
“အိုး... ငါ့ရဲ့  မင်းသမီးလေးဆီကို
အမြန်ရောက်ပါစေဗျာ”


လာစမ်းဟဲ့ .. “အပ်ချလောင်း”
သူလဲ သူ့ရဲ့  မင်းသမီးဆီကို ဂျောင်း..။


နောက်ဆုံးက ကလေကချေ သင်္ဘောသား..
အံမယ်.. သူက ဘီလူးကို စိတ်တွေဘာတွေ ဆိုးလို့..

“တောက်! မင်းကွာ တော်တော်ဆိုးတဲ့ ဘီလူး..
အရင်က ဒီကျွန်းပေါ်မှာ တို့ (၃)ယောက်ဆိုတော့ ပျော်စရာကောင်းသေးတယ်..။
အခု မင်းလုပ်တာနဲ့ ငါတစ်ယောက်ပဲ ကျန်တော့တယ်။
ငါက တစ်ယောက်ထဲဆို ပျင်းတယ်ကွ..
အခုချက်ချင်း ပြန်ခေါ်ပေး ...သူတို့ နှစ်ယောက်ကို ....” တဲ့..
ကဲ... ဘီလူးလဲ ဘယ်တက်နိုင်ပါ့မလဲ....

“အပ်ချလောင်း”


1 comments:

  1. Anonymous said...

    ငါဟာ သင်္ဘောသားပဲ.. ဖြစ်ချင်တယ်..

    November 4, 2008 at 10:41 PM  

Post a Comment