ခေါင်ခေါင်က Tag..မိုးသားက ဖြေ

October 26, 2008
တကယ်တော့ ဘလော့ဂ်ရေးချင်လို့သာ ရေးတယ်.. ဘလော့ဂ်ဂါတွေလို အမြဲတမ်း အမြဲတမ်း မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်က ဘလော့ဂ်ဂါမဖြစ်သေးတဲ့ သူပါ။ စိတ်ထဲမှာ feel ဖြစ်တဲ့အခါ ရေးတယ်။ မဖြစ်တဲ့အခါ မရေးချင်ဘူး။ ဒါကြောင့် ပို့စ်တွေက ကြာတက်တယ်။ ပြီးတော့ ကျွန်တော်က စာရေးလည်း သိပ်မကောင်းဘူး။ ပေါင်းသင်းဆက် ဆံရေးလည်း ညံ့တယ်ဗျ ။ ကျွန်တော့် ခေါင်းစဉ်လိုပဲ ကိုယ့်နေရာမှာပဲ ကိုယ်ပျော်နေခဲ့တာပါ။ ဒါပေမယ့် ရှားရှားပါး ပါးသူငယ်ချင်းက Tag ထားတော့ နည်းနည်းတောင် ကြောင်တောင်တောင်ဖြစ်သွားတယ်။ အံမယ် ...ငါ ဘလော့ဂ်ဂါများဖြစ်နေပြီလားလို့ပါ။
(ဟားဟား)

သူငယ်ချင်းခေါင်ရေ..
Tag တဲ့အတွက်လည်း ကျေးဇူးပါ။
ကိုယ်ကတော့ ပြန် Tag စရာ သူငယ်ချင်း သိပ်များများစားစားမရှိဘူးကွာ။
ကိုယ့်ဆီလာတဲ့သူတွေကိုပဲ ပြန် Tag လိုက်ရင်ကော...
မလုပ်ပါနဲ့ ကွာ... နောက်တစ်ခါ မလာဘဲ နေမှာစိုးလို့ပါ...


ခေါင်ခေါင်ဆိုတဲ့ .. တစ်ယောက်ကလေ.....

၁။ ကျွန်တော်နဲ့သူ ဘယ်လို ပတ်သတ်သလဲဆိုတော . . .

သိပ်မကြာခင်ကမှ ခင်မင်ခဲ့တဲ့ သူငယ်ချင်းပါ။ သူ့ကို ကျွန်တော်ကပဲ add လုပ်ပြီး စကားပြောဖြစ်တယ်။ (အမှန်ကတော့ ဘလော့ဂ်လုပ်ဖို့ မေးတာပါ....)

၂။ သူ့ ကို ကျွန်တော်က ဒီလိုထင်တယ် .....
ကြောက်စရာ ..ကောင်းတယ်။
တော်တော် စိတ်ကြီးပုံပဲ။
ပွင့်လင်းတယ်။
ကဗျာဥာဏ်ရှိတယ်။
ဘော်ဒါစိတ်တော့ ရှိတယ်။

၃။ ကျွန်တော့်အတွက် အမှတ်တရဖြစ်အောင် သူလုပ်ပေးခဲ့တာ ....
ဘာမှ မရှိဘူး။
ဆောရီး...ဆောရီး............ ရှိတယ်ဗျို့ ။
အခု ကျွန်တော့်ကို ခင်မင်ချိန်မကြာသေးပေမယ့် ရင်းရင်းနှီးနှီး Tag တာပါ။

၎။အမှတ်တရ အဖြစ်ဆုံး သူပြောခဲ့တဲ့ စကား-
ဆဲချင်လို့ ဆဲတယ်တဲ့....။
(သူ့ ... သူဌေးကို ပေါက်ကွဲနေတဲ့နေ့ကလေ...)

၅။ ခေါင်ခေါင်သာ (မတော်တဆ) ကျွန်တော့်ချစ်သူ ဖြစ်လာခဲ့ရင် ......
ကျွန်တော် တော်တော် သည်းခံရမယ့်ပုံပဲ။
ဒါပေမယ့် သူက သူ့အမှားကိုသိရင် အလွယ်တကူပြင်ပေးတတ်တဲ့ အတွက် ...
တောင်းပန်ဖို့ ၀န်မလေးတဲ့အတွက် .... ကျွန်တော်ကလည်း သည်းခံပေးမှာပါ။
(သူနဲ့ ရန်ဖြစ်ရရင် ပျော်စရာကောင်းမယ်လဲ ..ထင်လို့ဗျ)

၆။ ချစ်သူတွေ ဖြစ်ရင် ဒီလိုနေပေးရမယ်နော် ခေါင်ခေါင် ........ ကြားလား....
ကျွန်တော့်ကို စိတ်ဆိုးတဲ့အခါ ... ကျွန်တော် မိဘရယ် ... ဂုဏ်သိက္ခာရယ်....ယောကျာ်းမာနရယ်ကို မထိခိုက်အောင် ပြုမူပြောဆိုနေထိုင်ပေးရမယ်။ ပြီးတော့ အကြာကြီး စိတ်မဆိုးရဘူး။


၇။ တကယ်လို့များ ရန်သူတွေ ဆိုရင်တော့ ....
ကျွန်တော်သူ့အကြောင်းတွေ (တစ်ခါမှ မပတ်သက်ဖူးတဲ့ လူတစ်ယောက်လို )မစဉ်းစားဘဲနေမယ်။ ဒါလောက်ပါပဲ။

၈။ ရန်သူဖြစ်သွားမယ်... ဒါမျိုး ကြပ်ကြပ်လုပ် သိလား....
သူ စိတ်တိုလွန်းတာပါပဲ။ သူ...စိတ်တိုတဲ့အခါ သိပ်ပြီး စဉ်းစားမှာ မဟုတ်ဘူး။ စကားပြော မဆင်ခြင်တာပေါ့။

၉။ ကျွန်တော် သူ့အတွက် ဒါလေးတော့ လုပ်ပေးချင်တယ် ...
ကျွန်တော်သူ့ကို “စိတ်တန်ဖိုး” ဆိုတဲ့ စာအုပ်လေးကို ကိုယ်တိုင်ဖတ်ပြချင်ပါတယ်။

၁၀။ သူ့အပေါ် အားလုံးခြုံငုံ သုံးသပ်ရရင်
ဒေါသကြီးတယ်။ စိတ်ကောင်းရှိတယ်။
စိတ်ဆိုးရင်တော့ ကြမ်းတယ်ဗျ။
အမှားသိရင်တော့ ချက်ချင်းဝန်ခံလိုက်တာပဲ။
ဟောဟောဒိုင်းဒိုင်း ဆိုပါတော့။

၁၁။ ကျွန်တော့်ကို ပတ်ဝန်းကျင်က ဘယ်လို ထင်မြင်သလဲ...။
ပတ်ဝန်းကျင်က ဘယ်လိုမြင်သလဲကို မသိဘူးဗျာ။ ..
ပြောပေးသွားကြရင် သိပ်ကောင်းမှာပဲ။

၁၂။ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ Characteraistic လေးတွေပါ။
ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်တာ...
ကျွန်တော် သူများကို အတက်နိုင်ဆုံး ဒုက္ခမပေးချင်ဘူး။
သူများအခက်အခဲဆိုရင် လုပ်ပေးနိုင်သလောက် လုပ်ပေးခဲ့တယ်။
မွေးကတည်းက အခုအချိန်အထိ ကျွန်တော့် တက်လမ်းအတွက် အခြားဘယ်သူ့ကိုမှ မနင်းခဲ့ဖူးဘူး။
ပြီးတော့ မရနိုင်မှန်းသိရင် .. ထပ်မလိုချင်ဘူး။


၁၃။ကိုယ့်ကိုယ်ကို အမုန်းဆုံး Characteraistics.. (တော်တော်လေးကို မုန်းတာပါ)
အားငယ်တတ်တာ..
အားနာတတ်တာ....
ရောင့်ရဲချင်စိတ်များတာ...
အမေ့ကို စိတ်ဆင်းရဲစေခဲ့တာ...
ရည်မှန်းချက် မခိုင်မာတာ...။

၁၄။ ကျွန်တော်ဖြစ်ချင်နေတာ...။
နည်းနည်းများကြီးကျယ်သွားမလားမသိဘူး..။
“သစ်ပင်ကြီးလို” လူဖြစ်ချင်တယ်။
အစာလိုတဲ့သူတွေအတွက် အသီးတွေပေးမယ်။
အရိပ်လိုတဲ့သူအတွက် အေးချမ်းမှုကို ပေးမယ်။
ကိုယ့် ပင်စည်ကို ခုတ်ထစ်ကြတဲ့အခါ ...... နှုတ်ဆိတ်ပြီး အံကြိတ်နေချင်တယ်။

၁၅။ သူငယ်ချင်းအားလုံးကို မှာချင်တယ်။
(မင်းတို့ သိပြီးသားတွေပါ...ဒါပေမယ့် မေ့ချင်ယောင်ဆောင်နေတတ်ကြလို့
သတိပေးတာပါ၊ တကယ်ကြုံရတဲ့အခါ သိပ်ကြောက်စရာကောင်းတယ်ကွာ...
ငါ ကိုယ်တွေ့မို့ပါ...မင်းတို့အားလုံးကို ဒီလို မဖြစ်စေချင်ဘူး)

တစ်နေကွယ်ရင် ...သေနယ်ကို တစ်ရက်ကူးတယ် ....ဆိုတာ အမြဲသတိရစေချင်တယ်။
ကိုယ်တို့ ...ချစ်တဲ့ ခင်တဲ့ သူတွေ ကိုယ့်အနားက ထွက်သွားတော့မယ့်အခါ ....
ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားဖို့ သတိပေးချင်တယ်။
ကိုယ့်ရဲ့ ဘာသာတရားကို ကိုယ်လေးစားပြီး ....
နက်နက်နဲနဲ သဘောပေါက်အောင် လေ့လာပြီးမှ ယုံကြည်ကိုးကွယ်ဖို့ တိုက်တွန်းချင်တယ်။
ပြီးတော့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ ....
ကျွန်တော့်အမှားတွေကို .....
ကျွန်တော့် အားနည်းချက်တစ်ခုလိုမျိုးမြင်ပြီး
နားလည်ခွင့်လွှတ်ပေးစေချင်တယ်။


သူငယ်ချင်းခေါင်ရေ...
ဒီလောက်ဆိုကျေနပ်မယ်ထင်ပါတယ်။
ကျွန်တော့်ကို Tag တဲ့အတွက်ကျေးဇူးတင်ပါတယ်။
ကိုယ့်ကို မင်းနဲ့ ခင်မင်တဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပါဦး.။
သူငယ်ချင်းပျော်ရွှင်နိုင်ပါစေ....

ကျွန်တော် Tag ပြန်လုပ်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်...။
ကျွန်တော် သူ့  ကို သိပ်ခင်ပါတယ်။
ဟုတ်ကဲ့....
ယခုတဖန် အလှည့်ကျတဲ့သူ ကတော့ ...
............................................
............................................
ကျွန်တော့် သူငယ်ချင်း... မောင်သစ်ဆင်း ဖြစ်ပါတယ်။
(သူ့ စကားနဲ့ ပြောရရင်တော့ ငါ့ညီပြောင်ဝင်း ... မောင်သစ်ဆင်းပေါ့လေ..)

4 comments:

  1. Anonymous said...

    မိုးသားကလည်း ဘလော့ဂါပါပဲ ဖတ်လို့ ကောင်းပါတယ်ဗျ စိတ်တန်ဖိုးဆိုတဲ့ စာအုပ်လေး ကျနော်လည်း ဖတ်ဖူးချင်တယ် မရမှန်းသိရင်ထပ်မလိုချင်တော့ဘူးတဲ့ တူနေတယ် အဲ့လိုနေလိုက်မှ သက်သာမှာလေ နော် ။

    October 27, 2008 at 9:42 AM  

  2. ခေါင်ခေါင် said...

    ကိုမိုးသား... အရမ်းတော်တဲ့ ဘလော့ဂါ ပါပဲ..
    ဖတ်လို့လဲ အရမ်းကောင်းပါတယ်
    ရေးပေးတဲ့ အတွက်လဲ ကျေးဇူးပါနော်...
    ပိုစ့် အသစ်တွေကို အမြဲတမ်း စောင့်မျှော်နေမယ်နော်...
    ပျော်ရွှင်ပါစေရှင်

    October 27, 2008 at 8:38 PM  

  3. Anonymous said...

    ကိုမိုးသား... ပြိုင်ဘက်ကင်းအောင် တော်တဲ့ ဘလော့ဂါပါပဲ။ အရမ်းကောင်းတာမို့လို့ မခေါင်ခေါင်ဆီတောင် သွားလည်ချင်စိတ်ပေါက်လာပါတယ်။ သွားလိုက်ပါဦးမယ်။

    October 28, 2008 at 11:05 PM  

  4. Anonymous said...

    ငါ စိတ်အားတဲ့ အခါ ဖြေပေးပါမယ်.. အခုတော့ စိတ်စေရာကို လျှောက်လုပ်လိုက် ဦးမယ်.. အတည်အတံ့တော့ ငါ မရတာ မင်း သိတယ်နော်.. ငါ ရေးတတ် သလို ရေးမယ်.. တချို့ မေးခွန်းတွေက ဒက်ရှ်(-) ပဲ ပြရမယ် ထင်တယ်.. heee heeee ဒါမှ မဟုတ် မင်း အကြံပေးသလို ဖြေရမလား ဒါလည်း ဖြစ်သေးဝူးးး .. ပျော်ရွှင်ပါစေ သူငယ်ချင်း..

    October 29, 2008 at 7:21 AM  

Post a Comment