ကောင်မလေးရေ...
..............................
..............................
တစ်သက်လုံးမှာမှ
တခါပဲ သာမယ့် “လ” လို
ငါက မင်းကို ထင်ခဲ့တယ်..။
အင်း ........
ပိုင်ဆိုင်ခွင့်မရှိတဲ့ မင်းက
ငါ့ရှေ့ မှာ အရမ်းလှပြနေခဲ့တာကတော့
ဇာတ်နာအောင် တမင်လုပ်ထားတဲ့
ခပ်ပေါပေါ ဟာသ တစ်ပုဒ်ပဲ ဖြစ်မယ်။
ကောင်မလေးရေ ...တကယ်တော့
ခပ်ပေါ့ပေါ့သာ မဟုတ်ဘူးဆိုရင်
ပါးစပ်က ပြောရုံပဲဆိုတဲ့ ဆုတောင်းတောင်
လွယ်မယောင်နဲ့ ခက်ပါတယ်။
ငါကတော့လေ...
ဒုက္ခတွေ ဘယ်လောက်မိုးသည်းပါစေ ....
လွမ်းစရာရှိတာကိုတော့ လွမ်းနေရဦးမှာပါပဲ။
မိုးလင်းမိုးချုပ်
စုန်းစုန်းမြုတ်နေခဲ့ပေမယ့်
အဲဒီလို လွမ်းတတ်နေတာကိုက
ငါပျော်ရတဲ့ ဒုက္ခပဲဖြစ်ပါတယ်။
ကိုယ့်ခြေထောက်နဲ့ကိုယ် ဆိုပေမယ့်
အချစ်ကိုတော့ အခုထိ ငါ မတော်လှန်ရဲသေးဘူး။
“မျှော်လင့်နေတယ်” ဆိုတဲ့ အမှာစကား
သူလိုကိုယ်လို လှေခါးတွေကိုယ်စီနဲ့ မို့
မစို့မပို့ အာသီသတွေကို
ခပ်ရို့ ရို့ သိမ်းထားခဲ့ရတာ...
ရင်ဘတ်တစ်ခုလုံးမှာ မှတ်တမ်းတွေသာ အရှိုးရာကျန်တယ်..။
ပြောရရင် .........
“အချစ်” ဆိုတဲ့ ခေါင်းစဉ် မြင်ယုံနဲ့
ယောက်ယက်ခက်ချင်နေခဲ့တဲ့ စိတ်အာရုံ
ငါ့ရဲ့ အသိတရားဆိုတာကလဲ
မိုးလုံလေလုံမှ မဟုတ်ခဲ့တာပဲလေ...။
မျက်စောင်းတစ်ချက်အဝေ့နဲ့တင်
ပြာကျချင်ခဲ့တဲ့ ငါရဲ့ ရင်ခွင်ဧည့်ခန်းဆောင်မှာ
အခုတော့ .......
အမှတ်တရလို့ ထုတ်ပြစရာကလဲ
ဖုန်တက်နေတဲ့ နှလုံးသားပဲကျန်ပါတယ်။
Subscribe to:
Post Comments (Atom)
အဲဒီလို လွမ်းတတ်နေတာကိုက
ငါပျော်ရတဲ့ ဒုက္ခပဲဖြစ်ပါတယ်။
ယောက်ယက်ခက်ချင်နေခဲ့တဲ့ စိတ်အာရုံ
ငါ့ရဲ့ အသိတရားဆိုတာကလဲ
မိုးလုံလေလုံမှ မဟုတ်ခဲ့ဘဲလေ...။
အမှတ်တရလို့ ထုတ်ပြစရာကလဲ
ဖုန်တက်နေတဲ့ နှလုံးသားပဲကျန်တော့တယ်။
ဒီအဆုံးသတ် အပိုဒ် လေးတွေကို အရမ်း သဘောကျတယ်ကွာ.. ကြိုက်တာကတော့ တစ်ပုဒ်လုံးပဲကွ.. တော်တော်ကောင်းတယ်.. ဆက်ကြိုးစားပေါ့..။
October 21, 2008 at 11:06 AM
ကဗျာလေး ကောင်းတယ် ညီလေးရေ။
October 22, 2008 at 8:37 PM
ကဗျာလေး အရမ်းကောင်းတယ်..
အမြဲအားပေးနေမယ် ကိုမိုးသောက်ရေ...
အဆုံးသတ် လေးကို အရမ်းကြိုက်တယ်...
October 22, 2008 at 10:04 PM
ကဗျာက အလွမ်းဇတ်ပဲ ခံစားချက်တွေ အန်ထွက်လာတော့ စာသားတွေကလှသွားတယ် ။
October 25, 2008 at 8:23 AM