ဟော့ဒီ ခပ်ရိုင်းရိုင်း မိုးသားကိုပဲ မြင်တယ်။
ငါဆိုတဲ့ကောင်လေ
ဟော့ဒီ မိုးသား ဆိုတဲ့ ကောင်ပေါ့
လောကကြီးနဲ့ သဟဇာတ မဖြစ်လိုက်ပုံများ
ကိုယ့်ဘ၀မှာ ရွာချခဲ့သမျှမိုးရေတွေ
အမြဲတမ်း ပင်လယ်ရေလို ခါးတူးနေတဲ့ အကောင်။
မိုးသားဆိုတဲ့ကောင်လေ....
သနားချင်ပြီဆိုရင် မြက်ပင်ကိုတောင် မနင်းမိအောင် ရှောင်ခဲ့တဲ့အကောင်။
မသနားဘူးဆိုရင်တော့ ကိုယ့်ညီအရင်းကိုတောင်
နှာခေါင်းကသွေး ခြေဖ၀ါးအောက် သွေးပေါက်ပေါက်ကျအောင် ထိုးတဲ့ကောင်။
ကျေနပ်နေတဲ့အခါ ကိုယ့်နောက်ကျောက ဓါးရာအထပ်ထပ်အတွက်
အပြုံးမပျက် အားနာတတ်ခဲ့တဲ့ကောင်။
မကျေနပ်ပြန်တဲ့အခါ ကိုယ့်အရိပ်ကို နင်းမိရုံလောက်အတွက်
နှစ်ခါပြန်သတ်ပစ်ချင်စိတ်က ငယ်ထိပ်မှာ သွေးတက်နေတဲ့ ကောင်။
မိုက်ရိုင်းတဲ့အခါ မိတ်ဆွေကို မိတ်ဆွေလို့ မမြင်ချင်တဲ့ကောင်။
ရစရာပိုက်ဆံလေး တစ်ထောင်နှစ်ထောင်အတွက်
“မင်းအသက်ကို ဖက်နဲ့ ထုပ်ထား” လို့
သူ့ ရပ်ကွက်အထိ ဓါးကြိမ်းသွားဖို့ ၀န်မလေးတဲ့ ကောင်။
ယဉ်ကျေးချင်တဲ့အခါ ကျပြန်တော့လည်း
ကိုယ့်ဘ၀ကို လက်တစ်ဆုံး နှိုက်ယူသွားခဲ့တာတောင်
“ခန္တီစ” ကို ရင်မြေကတုတ် လုပ်ပြီး
သူ့ဘ၀ မီးလောင်တော့ ပြန်ပြီး စုပ်သပ်ပေးနိုင်ခဲ့တဲ့ အကောင်။
အင်း...ငါဆိုတဲ့ ကောင်
ဟောဒီ မိုးသား ဆိုတဲ့ အကောင်ပေါ့။
တစ်ခါတစ်လေ ယုံကြည်မှုဆိုတဲ့ နာမည်ကောင်းလေး တစ်ခုအတွက်
အပ်တိုလေး တစ်ဝက်ကိုတောင် အိမ်တိုင်ရာရောက် ပြန်အပ်တတ်တဲ့ ကောင်။
တစ်ခါတစ်လေ မနက်စာလေး တစ်နပ်အတွက်
ကိုယ်ကျင့်တရားနဲ့ ရိုးသားမှုကို မိတ္တူဆိုင်မှာ သော့တုလုပ်ဖို့ အပ်တဲ့ကောင်။
တပ်မက်မှုတွေနဲ့ အမြဲတမ်း လောင်မြိုက်နေတဲ့ အကောင်။
အခွင့်အရေးဆိုရင် နှစ်ခါပြန် မစဉ်းစားတတ်တဲ့ အကောင်။
သူများ အားနာတတ်တာကို အခွင့်ကောင်းယူပြီး
ကိုယ့်အတွက် ခါးပါအောင် သိမ်းပိုက်ချင်တဲ့ အကောင်။
အသာတကြည် ပြေပျောက်လိုက်လို့ ရတဲ့ စိတ်ဆန္ဒလေးတစ်ခုနှစ်ခုကိုတောင်
ဟော့ဒီ ငါဆိုတဲ့ကောင် တပ်မက်မိပြီဆိုရင်
ဘ နဖူး သိုက်တူး ဖို့လည်း စနေ အင်္ဂါမရွေးတဲ့ အကောင်။
ဟုတ်တယ်.... ငါဆိုတဲ့ ကောင်
ဟော့ဒီ မိုးသားဆိုတဲ့အကောင်ပေါ့ ....
အဲဒီလို အမြဲတမ်း မှောင်တယ်။
မင်းတို့တွေ့  ရင် ဝေးဝေးရှောင်။
မရှောင် ပါဘူး.. .
ဘယ်တော့မှ မရှောင်ဘူး..
ရန်ကုန်မှာ နေပူပြီး စင်္ကာပူ မှာဘာမှ မဖြစ်တဲ့ နေ့မှာ ပြောခဲ့တဲ့ စကားကိုမှတ်မိလား
မိုးသား ဘာလိုကောင် ဆိုတာ.. ငါတို့အကုန်လုံးသိပြီးသား..
သိပ်ပြီး အော်ဟစ်မနေနဲ့...
CBG ထဲပါသွားမယ်
December 8, 2008 at 8:07 PM
ဟုတ်ကဲ့.. ကိုယ့်အကြောင်းကို ကိုယ်ရေးထားတာ ကောင်း၏ ။ အဟဲ ဝေးဝေးရှောင်ဆိုပါလား ။ :)
တစ်ခါတစ်လေ မနက်စာလေး တစ်နပ်အတွက်
ကိုယ်ကျင့်တရားနဲ့ ရိုးသားမှုကို မိတ္တူဆိုင်မှာ သော့တုလုပ်ဖို့ အပ်တဲ့ကောင်။
ရေးဖွဲ့မှု ကောင်း၏။
December 9, 2008 at 10:32 AM
ဝေးဝေးရှောင် ဆိုလို့ ရှောင်မလို့စဉ်းစားလိုက်မိပေမယ့်
ကဗျာလေးတွေရချင်တော့ အစ်မမေလ်accထားခဲ့တယ်
နော်.. ဟတ်ဟတ်.
ပျော်ပျော်ရွှင်ရွှင်ပေါ့မောင်လေးရေ.
အခုတွေ့မှမတွေ့တာ ရှောင်စရာမလိုပါဘူး.
နောက်တွေ့မှရှောင်မယ်နော်.. ဟဲဟဲ..စတာပါ
အစ်မ၀ါ
nanwarwarmg@gmail.com
December 9, 2008 at 2:29 PM
ဆန့်ကျင်ဘက် အတွဲလေးတွေ ပြောင်မြောက် လွန်းလှပါတယ်.. မှောင်ချင် မှောင်စမ်းပါစေ ငါတော့ မီအိမ်ဆွဲပြီး လာခဲ့မယ်..
December 9, 2008 at 3:34 PM
ကဗျာလေးက မာန်သိပ်ပါတာပဲ...။
ကဗျာမှာ လှစ်ကနဲ မြင်ထင်လိုက်ရတဲ့ ရသနဲ့ ခံစားမှုဟာ ကဗျာဆရာရဲ့ နှလုံးသားကို အတိုင်းသား ရှိုးကေ့စ်ထဲ ပြထားလိုပဲ ... ။
အပေါင်းနဲ့ အနုတ်၊ အဖိုနဲ့ အမ၊ အကောင်းနဲ့ အဆိုး၊ အလင်းနဲ့ အမှောင် စတဲ့ ဆန့်ကျင်ဘက်သဘောတရား တွေ အုပ်မိုးနေတဲ့ လူသားဘ၀ထဲက ကဗျာဆရာတစ်ယောက်ရဲ့ ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိကဗျာတစ်ပုဒ်ပါပဲ ... ။ စကားလုံးအသုံးအနှုန်းနဲ့ ရေးဖွဲ့တဲ့ ပုံစံတွေက သိပ်ကို ဟန်ချက်ညီလွန်းတော့ နှစ်ခြိုက်သဘောကျသွားတယ် ညီ ... လေးစားပါတယ်... ။
ခင်မင်စွာဖြင့်
December 15, 2008 at 9:12 AM
ပြေးပြီဟေ့။ ဟားဟား။ စတာ ။ ကဗျာကောင်းတယ်ညီ။
December 18, 2008 at 11:18 AM
ကောင်းတယ်သယ်ရင်းရေ
တနယ်နည်းသားလို့ မပြောရဘူး
ကြိုးစားသယ်ရင်း ငါ့လောက်နီးနီးတော်လာပီ :P
ဝေးဝေးကတော့ရှောင်ချင်နေတာ
ငါ့လာလာပီး ဒွတ်ပေးနေလို့
ဒါပဲပြန်ပြီ
December 20, 2008 at 4:55 AM
မိုးသားဆိုတာဘာကောင်းလေးလဲဆိုတာ ဖတ်သွားတယ်
December 26, 2008 at 6:55 PM
ကဗျာကို နောက်တစ်ခေါက်ထပ်ဖတ်ပြီး နောက်တစ်ခေါက်ကွန်မန့် ပေးသွားတယ်ညီ။ မိုက်တယ်။
January 17, 2009 at 7:53 PM
အရေးအဖွဲ့ က သိပ်စပ်ဟပ် တာပဲ။
ကြိုက်၏။ ကဗျာ။
း)
April 8, 2009 at 5:44 AM
တစ်စိမ့်စိမ့်ဖတ်တယ် တွေးကြည့်တော့ မောင်မိုးသားကို ပိုတွေ့လာတယ်။
မပြေးတော့ပါဘူး။ ဒဲ့လာမှာမို့ရှောင်ပေတော့။
အချိန်မရလို့သာနော် အချိန်များရရင် ကဗျာကောင်းတွေဘယ်လောက်ထွက်လိုက်မလည်း။ အားပေးနေပါတယ်။ ကြိုးစားရေးနော်
May 5, 2009 at 11:07 PM
အစွန်း နှစ်ဖက်မှာ .... ဟွင်းဟွင်းဟွင်း .. လွယ်သလားခက်သလား ရာမ ... ဒါမျိုးတွေ့ချင်နေတာ ... ဟွင်းဟွင်းဟွင်း ....
June 20, 2009 at 6:43 PM