ဂစ်တာတီးပြီး သီချင်းဆိုချင်ရင်
ငါ့လက်က ဆေးလိပ်တိုကို အရင် ချ။
ရေမလောင်း ပေါင်းမသင်
ငါ ပွင့်စေချင်တဲ့ ပန်းတွေ အဖူးဘ၀မှာတင် ဝေကြမွှေးကြ။
ငါလိုချင်တဲ့ အာဟာရတွေအတွက်
တစ်ချို့ သဘာဝပတ်ဝန်းကျင်တွေ ပတ်ပတ်စက်စက် စတေးပေးကြ။
ငါ နောက်ကျခဲ့တဲ့ ချိန်းဆိုမှုတွေမှာ
တစ်ချို့ ဘက်စ်ကားတွေ အပြစ်ဖြစ်ကြ။
ငါ ငြင်းပယ်ခဲ့တဲ့ အရက်ခွက်တွေမှာ
တစ်ချို့သောအားနာခြင်းတွေ ဆိုးဆိုးရွားရွား ရောဂါဖြစ်ကြ။
အငတ်ငတ် အပြတ်ပြတ် ငါ့ဆီမှာ “၀က်” ခန်းတဲ့အခါ
သူငယ်ချင်းတွေရဲ့ အိပ်ကပ်တွေ ချုံးချုံးကျအောင် ပိန်ကြ ကပ်ကြ။
ငါ အားနာရတဲ့ ငြင်းပယ်မှုတွေမှာ
ဆင်ခြေလက်ခြေတွေ ဗုန်းဗောလအော ပွထ။
ငါ မမက်မောချင်တဲ့ စည်းစိမ်တွေမှာ
တစ်ချို့သော ကမ်းလှမ်းမှုတွေ အပြိုင်းအရိုင်းသိမ်ငယ်ကြ။
ငါ့ ဆန္ဒတွေ တပ်မက်လွန်းတဲ့အခါ
ငါ့ပတ်ဝန်းကျင်ရဲ့ သိက္ခာတရားတွေ ပက်ပက်စက်စက် ပျက်စီးကြ။
ဒီလိုနဲ့........
..........................
ငါ့ ...သက်တမ်းရဲ့ နောက်ဆုံးအချိန်တွေမှာ
ငါ ...ရှု ရှိုက်ရမယ့် သက်တမ်းတွေဟာ
အတ္တတွေ တစ်နင့်တစ်ပိုးနဲ့ ...
ဆိုးဆိုးဝါးဝါး .. ထွက်ခွာသွားကြ။
နောက်ဆုံး ..ငါသိလိုက်တာက ......
ဂစ်တာတီးပြီး သီချင်းဆိုချင်ရင်
ငါ့လက်က ဆေးလိပ်တိုကို အရင် ချ။
( ၀က် = ပိုက်ဆံ)
Subscribe to:
Post Comments (Atom)
ဝက်တွေမွေးနော်
ဝက်ဖော်ရင်မမေ့နဲ့
October 6, 2009 at 9:01 AM
အဲ... မိုးသားလည်း ကဗျာရေးကောင်းပါတယ်ဗျ.. အားပေးလျက်
October 8, 2009 at 11:02 PM
ကောင်းသား
October 17, 2009 at 1:42 PM
ပထမဆုံးရောက်ဖူးခြင်းဖြစ်ပါတယ်။
ထုံးစံအတိုင်း နောက်ဆုံးအပုဒ်ကိုပဲ စဖတ်ဖြစ်ပါတယ်။
ဒါလေးကနှလုံးသားကို ထိခလုပ်၊ပါးခလုပ် ဖြစ်စေတယ်။
"ဂစ်တာတီးပြီး သီချင်းဆိုချင်ရင်
ငါ့လက်က ဆေးလိပ်တိုကို အရင် ချ။"
နောက်လဲ လာဦးမယ်။
October 31, 2009 at 11:18 AM