အထီးကျန်လမ်းတစ်လျှောက်
ကုန်းကောက်စရာ မရှိအောင် ရှားပါးလွန်းခဲ့တဲ့ မေတ္တာတရား
ကံကြမ္မာက အမြဲတမ်း ငါ့ထက် နှာတစ်ဖျားသာတယ်...။
ဘယ်တော့မှ မချိုတော့မယ့် သစ်သီးတစ်လုံးလား
ငါလည်းပဲ အပွင့်အရွက်က စပြီး ကြီးထွားခဲ့ရတာပါ..။
ငါ့ဘ၀မှာတစ်လျှောက်လုံးမှာ
ကံကောင်းတယ်ဆိုတာက ဘာ
ကံမကောင်းဘူးဆိုတာကကော ဘာလဲ....
ကံဆိုတာ လူလုပ်သမျှ
ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုလို့
ငါ.. ကြိုးစားကြည့်ခဲ့သားပဲ...။
ခက်တော့လည်း ခက်ပါတယ်...
ခေါင်းမာတတ်တာကပဲ အပြစ်နည်းနည်း ဖြစ်နေသလား...
တစ်ချို့ သော အခါးတွေက ၀ါးလေလေ ပိုချိုလေ..။
အခုအချိန်မှာလေ
လိုချင်တဲ့သူ လက်ညှိုးထောင် ...လို့
အဖေ့ကိုယ်စား ပြောပေးမယ့်သူတွေ မရှိနိုင်တော့ဘူးလား..
ငယ်ငယ်တုန်းကတော့ ကိုယ်ရခဲ့တာတွေက လွယ်ခဲ့သားပဲ။
အင်းလေ.. ဖြစ်ချင်တာတွေ မဖြစ်တာ များလွန်းတော့
ခပ်ပေါ့ပေါ့ထားလိုက်တဲ့ ဘ၀အဓိပ္ပာယ်တွေလဲ အေးခဲမှိုတက်
ငါ့ အတ္တတွေလည်း အနည်ထိုင် နေတတ်ခဲ့ပြီ။
တစ်ရက်ပြီးတစ်ရက် ဆိုပါတော့..
ဘ၀ရဲ့  နေ့တာတွေလည်း လျော့လျော့ပြီးလာနေလိုက်တာ
ငါ့ဆက်လျှောက်ရမယ့် ဟိုး..ရှေ့  လမ်းမဟာ
ငါကျော်ခဲ့တဲ့ အတိတ်လမ်းမလောက်တောင် ရှည်နိုင်ပါဦးမလား
ငါ့ အသက်က (၂၅)ကို စွန်းစွန်း ကျော်သွားခဲ့ပြီးပြီ...။
Subscribe to:
Post Comments (Atom)
အခုအချိန်မှာလေ
လိုချင်တဲ့သူ လက်ညှိုးထောင် ...လို့
အဖေ့ကိုယ်စား ပြောပေးမယ့်သူတွေ မရှိနိုင်တော့ဘူးလား ...
ရှိတယ် မြင်အောင်ကြည့် ...
June 20, 2009 at 6:39 PM
ဘေးမှာရှိနေတယ်လေ...
အဲလောက်လည်းမဟုတ်ပါဘူး...
မပေါက်ကွဲနဲ့တော့လေ....
June 21, 2009 at 10:04 PM
တချို့အခါးတွေက ဝါးလေလေ ပိုချိုလေပဲ ဆိုပါလား.. နည်းနည်း ဥပမာပြောလေ..း)
June 23, 2009 at 12:00 PM
သောက်လေ ခါးလေတော့ သိတယ်
ကျန်တာတော့ မသိဘူး
June 23, 2009 at 11:19 PM
ပင်လယ်ရေနောက် သောက်တိုင်းမှောက်
သောက်လေ သောက်လေ ငတ်မပြေတဲ..
အထီးဘဲကျန်ကျန်
သီးဘဲခံခံ
အရင်းမြစ်က အချစ်စစ်
ဆိုင်လား တော. မသိ
ဟိဟိ
ကေလာမမ
June 24, 2009 at 11:32 AM
အရင်အိမ်ကလှရဲ့နဲ့ ပြောင်းပြစ်တယ်ပေါ့။
ကိုယ့်စိတ်ကြိုက်ကိုရွေးတာဆိုရင်တော့ အိုကေပါတယ်။
June 24, 2009 at 9:02 PM
ပေါညီ ၊
ဆီဗုံး ကိုဘယ်လွင့်ပစ်လိုက်ပြန်ပီလဲ
ကိုမိုးသားရေ ကဗျာတွေလာဖတ်သွားပါတယ်
August 10, 2009 at 11:22 PM
ကဗျာလေး တော်တော်ကောင်းရဲ့...ခံစားသွားတယ်
September 28, 2009 at 11:06 PM