ကောင်မလေးရေ . . . .
ငါဟာ နင့်ရဲ့  အိမ်သာကျင်းဟောင်းတစ်ခုလား
နင် စွန့်ခဲ့တဲ့ အမှတ်တရ အညစ်အကြေးတွေ . . . .
ငါ့ ရင်ဘတ်မှာ ဘုန်းဗောလအော ပုတ်ပွနေလေရဲ့
ငါ့မှာတော့ဖြင့် ချစ်ခြင်းမေတ္တာကို ခေါင်းစဉ်တပ်
နံတာကိုလည်း နံမှန်း မသိတတ်ခဲ့ဘူး
ကောင်မလေးရေ . . . .
တောင်ဘက်ကိုင်းကနေ မြောက်ဘက်ကိုင်းကို ကူးဖို့အတွက်
နင် ..သက်သက် ရမယ်ရှာတဲ့အခါ
အဲဒါ.. အကြင်နာတွေ ၀မ်းချုပ်တာပေါ့ ...။
ငါ့မှာတော့ နင့်ဘက်ကို ခေါင်းမော့ထားရတာ
ဆင်ရဲ့  ''ဟိုဟာ ...'' ခွေး မျှော်ရသလို
ဇတ်တွေကို နာလို့ . . . .။
ချစ်တဲ့ ကောင်မလေးရေ . . . .
နင်မလိုချင်တော့တာတွေကို စွန့်ပစ်
နင် .. ငါ့ကို မချစ်တော့တဲ့အခါ
အမှတ်တရတွေ ...
သတိတရတွေ ...
ငါ့ရဲ့ နောက်ဆုံးသော မျှော်လင့်ချင်းတွေ
ဟောဒီ့ အိမ်သာကျင်း တစ်ခုလုံး ပြည့်လျှံလို့ နေလေရဲ့ . . . .
Subscribe to:
Post Comments (Atom)
ဟာကွာ နံလိုက်တာကွာ
မင်းကလဲ ကြံကြံဖန်ဖန်ရေးတတ်တယ်ကွာ
January 17, 2009 at 3:04 AM
ညစ်ပတ်လိုက်တာ ၂ ယောက်မရှိဘူး.. ဒါကြီးမကောင်းပါဘူး မတင်ပါနဲ့ ဆိုတာကို...
^$&^%&^*&)(*_)(&%$^%#@##!$%
January 17, 2009 at 7:46 AM
ဟားဟား။ ရယ်ရတယ်ညီ။ မိုက်တယ်။
January 17, 2009 at 7:48 PM
အရေးကြုံမှ အိမ်သာရဲ့ တန်ဖိုး ဘယ်လောက် ရှိလဲ ဆိုတာ သိတာဗျ သူလည်း မရှိမဖြစ်လိုတာပဲနော့် ..
ဒါပေမယ့် လူမြင်ကွင်း ဧည့်ခန်းမှာတော့ အိမ်သာကို မထားနဲ့ဗျို့ .. အိမ်နောက်ဖေးမှာ ထား ..
ဒါဆို လောကကြီးက သက်တောင့်သက်သာပဲဗျို့ အဟီး ဟီး
January 21, 2009 at 5:14 AM
ကဗျာ အနံပါတာ .. ဒီတစ်ပုဒ်ပဲ တွေ့သေးတယ် ..တော်တော် စူးရှတာပဲ .. ဟီဟိ
May 2, 2009 at 8:58 PM
နံတာတွေပြီးရင် မွှေးတဲ့ကဗျာလေးတင်ဦးလေ...
စိတ်ဝင်စားတယ် အိမ်သာကျင်းကထွက်ပြီလားလို့
May 11, 2009 at 11:57 PM