၂၀၀၈ နဲ့ ၂၀၀၉

January 1, 2009

၂၀၀၈ ဟာ ၂၀၀၉ နဲ့ ဘာမှလည်း မထူးခြားပါလားဗျာ။

နှစ်သစ်ဆိုပေမယ့် ခံစားချက်က မသစ်သေးဘူး။

ကျွန်တော့်ချစ်သူကလည်း အရင်လိုပဲ သူ့ချစ်သူနဲ့ ချစ်လို့ကောင်းနေတုန်း

ကျွန်တော်က အရင်လိုပဲ တစ်ဖတ်သတ် မြစ်မှာ ကူကယ်ရာမဲ့ မျောနေတုန်း။

ကျွန်တော့်ချစ်သူက အရင်လိုပဲ သူ့ချစ်သူကို ကြိုးစားဖို့ အားပေးတုန်း။

ကျွန်တော်က အရင်လိုပဲ ကိုယ့်ဘာသာကိုယ် အပျင်းကြီးလို့ ကောင်းနေတုန်း....။

ကျွန်တော့်ချစ်သူက အရင်လိုပဲ သူ့ချစ်သူကို ဆေးလိပ်ဖြတ်ဖို့ တောင်းဆိုတုန်း။

ကျွန်တော်ကလည်း အရင်လိုပဲ အရက်သောက်လို့ ကောင်းနေတုန်း။

ကျွန်တော့်ချစ်သူက အရင်လိုပဲ သူ့ချစ်သူကို .............ချစ်လို့ ကောင်းနေတုန်း။

ကျွန်တော်ကလည်း အရင်လိုပဲ................ကျွန်တော့်ချစ်သူကို ဆက်ချစ်နေတုန်းပါ။

၂၀၀၈ ဟာ ၂၀၀၉ နဲ့ ဘာမှလည်း မထူးခြားပါလားဗျာ။


(တစ်စုံတစ်ယောက်ကို ရည်ရွယ်ပါသည်။ တိုက်ဆိုင်မှုရှိလျှင် ခွင့်မလွှတ်လို့ ရပါသည်။)

(မိုးသား)

4 comments:

  1. ဗန်ပိုင်းယား said...

    တစ်ဘတ်သတ် အချစ်က ဆိုးပါသည်း .. အသက်မှက ချစ်တာ ဆိုးလှသည် ...........

    January 1, 2009 at 5:32 PM  

  2. ဖိုးဂျယ် said...

    ကောင်းလိုက်တာကွာ အဲ့လို သတ္တိတွေ
    ဘယ်ကရလဲကွ ငါ့လည်းနည်းနည်းပေးပါဦး

    January 1, 2009 at 11:41 PM  

  3. ခေါင်ခေါင် said...

    ၂၀၀၈ နဲ့ ၂၀၀၉ နဲ့ တော့ ခြားနားသွားပြီလေ.
    နံပါတ်တစ်လုံး မတူဘူး

    January 6, 2009 at 7:39 PM  

  4. Unknown said...

    ချစ်နေတုန်းဘဲလား
    အချစ်သစ်နဲ့စလိုက်ပါလား ကောင်းသွားမယ်လေ

    May 1, 2009 at 11:19 PM  

Post a Comment