မ၀ံ့သည်သာ...
............................
မြေလွှာပေါ် အကြွေရောက်
ဖွဖွလေးကောက် ကြိုးနဲ့ သီ
ချစ်သူဆီ ပဏာဆက်မည်ပေါ့...ပြေးလာခဲ့သည်။
လာခဲ့သော်ငြား နောက်ကျပြီ....
ပင်မြင့်မှာ ပန်းသဇင် ဝေပြီမို့
ကိုယ် ပို့တဲ့ ပန်းအကြွေ ခရေညှိုးရယ်က
တန်ဖိုးမဲ့ သူ့နေရာ...
မြေလွှာပေါ် ပြန်ကာ သက်မည်ပေါ့...
စိတ်လျှော့ရသည်.. ဆောင်းရာသီ ။
မ၀ံ့သည်သာ....
.................................
စံပယ်တွေ လှိုင်လှိုင်မြူးပြီမို့
ပွင့်ဦးစ အဖူးအခတ်ကို
သူ့အတွက်လို့ ရွယ်ရည်
သည်တစ်ခါ နောက်ကျလျှင် မဖြစ်ပြီမို့
အပို့စောရန် ကြိုးစားခဲ့သော်ငြား
ထိပ်ထားရဲ့  ကေသာဦးမှာ
ဂုဏ်ထူးသူ နှင်းဆီဖူးရယ်က
အရင်ဦး ရောက်နှင့်ပြန်သည်ပေါ့
စိတ်လျှော့ရသည်...မိုးရာသီ ။
ကိုယ် မ၀ံ့သည်သာ .....
............................
စိန်ပန်းပြာ နွေခါဦးမှာ ဖူးပွင့်ပြန်တာ ....။
မှူးသက်လျာ ဒေ၀ီ အတွက်
ပို့ဆက်ဖို့ ဘယ်လို ကြိုးသော်လည်း
ကိုယ် ဆုံးဖြတ်မရဲပါ။
ဒီအချိန်ဖြင့် သူ့ ကေသာ
ပိတောက်ဝါ ဂုဏ်အမြင့်က
ထူးတင့်မည်ပေါ့ သေချာ။
သုံးရာသီ အချစ်ကို သိစေချင်သော်ငြား
ကိုယ်သွားလျှင် ကိုယ့် အမှားပေမို့
စိန်ပန်းပြာ မျက်နှာမွဲကို
ရင်ကွဲစေ အံကိုကြိတ်
မျိုသိပ်လို့ ထွေးပိုက်ရသည်...
သြော်....လွမ်းရပါသော နွေရာသီ..။။
Subscribe to:
Post Comments (Atom)
မအိပ်ပဲ စောင့်ဖတ်ဆိုလို့ စောင့်နေရတာ
စောင့်ရကြိုးနပ်ပါ့ သယ်ရင်းရေ
နောက်မကျစေနဲ့ကွာ အရင်ရောက်အောင်
ပြေးထား နားနားပြီးလဲ ပြေးဦး မောနေမယ်။
ပျော်ရွှင်ပါစေ သယ်ရင်း
မင်းလုပ်တာ မနက် ၅နာရီထိုးနေပြီ
သယ်ရင်း ငါအိပ်ပြီ
December 2, 2008 at 3:31 AM
ကိုပိုင် . သုံးရာသီလုံး မရိုးအောင် လွမ်းနေတာလား..
ချစ်ဖို့ကောင်းတယ် ကဗျာလေးက....
December 2, 2008 at 6:12 AM
ငပေါ မင်း ကဗျာစောင့်ဖတ်ရတာ
တန်ပါတယ်ကွာ ငါမှာ မနက် ၅နာရီမှ
အိပ်ရတယ်။ မင်းတော့ အခုအိပ်နေပီပေါ့
December 2, 2008 at 11:58 AM
လာလည်ပြီး စာတွေဖတ်တယ်
December 5, 2008 at 8:57 PM
ပန်းသဇင်.. နှင်းဆီဖူးနဲ့ ပန်းတောင်ဝါတွေကလည်း မင်း ပေးထားတာ မဟုတ်လား..ဟား ဟား.. နောက်တာ.. ခုမှပဲ လက်က လွတ်လပ်စွာ လှုပ်ရှား လို့ ရတာကွ.. အစက ရိုက်ယားနေပေမယ့် မြိုသိပ် ထားရတယ်.. ဆက်ပြီး ခံစားလိုက်ဦးမယ်..
December 10, 2008 at 12:22 PM
ဒီကဗျာလေးလည်းကောင်းတာဘဲ
တော်တယ်နော်
May 2, 2009 at 11:01 AM
Forever မှာတွေ့ပြီး ကဗျာတွေ လာဖတ်ပါသည် ...
September 5, 2010 at 9:06 PM